Loan Officer

Posts : 5
Department : Operations
Duty Station : ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း ဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီး ၊ ဧရာ၀တီတိုင်း ဒေသကြီး

Deadline : 20250607

  • Posts : 5
  • Operations
Duty Station

ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း ဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီး ၊ ဧရာ၀တီတိုင်း ဒေသကြီး

အောက်ပါရုံးခွဲများတွင် တာဝန်ထမ်းဆောင်ရန်အတွက် Loan Officer ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

ရုံးခွဲရာထူးစုစုပေါင်းဦးရေ
ရပ်စောက် ရုံးခွဲ (ရှမ်းပြည်နယ်)Loan Officer(၁) ဦး
ချမ်းအေးသာဇံ ရုံးခွဲ (မန္တလေးတိုင်းဒေသကြီး)Loan Officer(၁) ဦး
အင်းစိန် ရုံးခွဲ (ရန်ကုန်တိုင်းဒေသကြီး)Loan Officer(၁) ဦး
ပုသိမ် ရုံးခွဲ (ဧရာဝတီတိုင်းဒေသကြီး)Loan Officer(၁) ဦး

လျှောက်ထားနိုင်မည့်ပုံစံ

Email: dgb.hr.recruit@outlook.com
Viber No: 09883004290 သို့ CV များ ပေးပို့လျှောက်ထားနိုင်ပါသည်။

လိုအပ်သော အရည်အချင်းများ

  • တက္ကသိုလ်မှဘွဲ့ရရှိပြီးသူဖြစ်ရမည်။ (သို့မဟုတ်) နောက်ဆုံးနှစ်ကျောင်းသူ/သားများလည်း လျှောက်ထားနိုင်ပါသည်။
  • အဖွဲ့အစည်းစိတ်ဓာတ်ရှိပြီး လေ့လာသင်ယူမှု ကောင်းမွန်ရမည်။
  • မှတ်တမ်းထိန်းသိမ်းခြင်းနှင့် ကိန်းဂဏန်းဆိုင်ရာ လုပ်ငန်းတာဝန်များအား စိတ်ဝင်စားသူ ဖြစ်ရမည်။
  • လုပ်ငန်းဆောင်ရွက်သည့်ဒေသတွင် နေထိုင်သူဖြစ်ပြီး အသေးစားလုပ်ငန်းများနှင့် ရပ်ရွာလူထုနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • ဆက်သွယ်ပြောဆိုမှုစွမ်းရည် ကောင်းမွန်သူဖြစ်ရမည်။
  • လုပ်ငန်းဆောင်ရွက်ရန်အတွက် ခြေလျင်၊ ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် သွားလာနိုင်သူဖြစ်ရမည်။ ယာဉ်မောင်းလိုင်စင်(ဆိုင်ကယ်)ရှိရမည်။
  • ရွေးချယ်ခန့်အပ်ခြင်းခံရပါက အဖွဲ့အစည်းတွင် အနည်းဆုံး (၁) နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။  

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ

  • သတ်မှတ်ထားသော ရပ်ကွက်ကျေးရွာများ ချေးငွေထုတ်ချေးခြင်းလုပ်ငန်းအား မှန်ကန်မြန်ဆန်အောင် လုပ်ဆောင်ခြင်း။
  • ဈေးကွက်သစ်ရှာဖွေခြင်း၊ အဖွဲ့ဝင်သစ်များ ရှာဖွေခြင်း။
  • ချေးငွေဆိုင်ရာလုပ်ငန်းစဉ်များအား သတ်မှတ်ချက်ပြည့်မှီအောင် ဆောင်ရွက်ခြင်း။  
  • ချေးငွေနှင့် ပတ်သက်သော အချက်အလက်များအား မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း။
  • အုပ်စုလိုက်ချေးငွေအဖွဲ့ဝင်များအား ချေးငွေဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း။
  • ချေးငွေနှင့် ပတ်သက်သော ပေးဆပ်ရန်ပျက်ကွက်မှုများနှင့် ချေးငွေဆိုင်ရာ အန္တရာယ်များ လျော့နည်းစေရန် ကြိုးစားဆောင်ရွက်ခြင်း။
  • Branch Manager/ Assistant Branch Manager မှ ပေးအပ်သော လုပ်ငန်းတာဝန်များကို မှန်ကန်စွာ လိုက်နာဆောင်ရွက်ပေးခြင်း။  

ရေရှည်လက်တွဲလုပ်ကိုင်နိုင်သော ရိုးသားကြိုးစား၍ သင်ယူချင်စိတ်ရှိသော ဝန်ထမ်းများအား နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

iM Microfinance Myanmar တွင် ဖွင့်လှစ်ထားရှိသည့်ရုံးခွဲများတွင် တာဝန်ထမ်းဆောင်ရန်အတွက် Loan Officer Position လစ်လပ်ရာထူးများ ခေါ်ယူနေပါသည်။

အသေးစိတ်သိရှိလိုပါက 09 883 004 290 သို့ ဖုန်းဖြင့်ဖြစ်စေ၊ Viber ဖြင့်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Email address:dgb.hr.recruit@outlook.com သို့လည်း CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

“ Warmly Welcome To iM Microfinance Family”